အာဏာရူးတွေကြားကသွေးစွန်းတဲ့တောအုပ်📺

အညွှန်းဖတ်ရန်
🔽⬇️
အိန္ဒိယတောင်ပိုင်းကားတွေထဲမှာမှ ခပ်ကြမ်းကြမ်း အက်ရှင်နဲ့ နိုင်ငံရေးလှည့်ကွက်တွေ ရောစပ်ထားတဲ့ ဇာတ်ကားမျိုးကို ကြိုက်နှစ်သက်သူတွေအတွက် မင်းသားကြီး Arya ခေါင်းဆောင်ပါဝင်ထားတဲ့ "Ananthan Kaadu" ဇာတ်ကားသစ် ထွက်ရှိလာပါပြီ။ နာမည်ကြီး Lucifer နဲ့ Empuraan တို့လို ကားကြီးတွေရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာ Murali Gopy ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ဇာတ်လမ်းရဲ့ လေးနက်မှုနဲ့ အရှိန်အဝါကတော့ ပြောစရာမလိုအောင် မိုက်နေပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းရဲ့ နောက်ခံကတော့ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်၊ သီရိလင်္ကာပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုတွေနဲ့ ကေရလာပြည်နယ်ရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ အမြင့်ဆုံးရောက်နေတဲ့ ကာလကို အခြေတည်ထားပါတယ်။
မြို့တော် Thiruvananthapuram ရဲ့ လူမိုက်တွေနဲ့ အာဏာရှင်တွေ ကြီးစိုးထားတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ Thankaraj (Murali Gopy) နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ သူတို့ရဲ့ သွေးစွန်းခဲ့တဲ့ အတိတ်က လူမိုက်ဘဝကို စွန့်လွှတ်ပြီး တီးဝိုင်းလေးတစ်ခုထောင်ကာ အေးအေးချမ်းချမ်း နေထိုင်ဖို့ ကြိုးစားနေကြသူတွေပါ။ ဒါပေမဲ့ သီရိလင်္ကာ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို သယ်ဆောင်လာတဲ့ Vetrivel Kumaran ခေါ် Mani (Arya) တစ်ယောက် သူတို့ရဲ့ နယ်မြေထဲကို ရောက်ရှိလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။
အာဏာမက်မောတဲ့ နိုင်ငံရေးသမားတွေ၊ ကြေးစားလူမိုက်တွေရဲ့ လှည့်ကွက်တွေကြားမှာ အောက်ခြေလူတန်းစားတွေ ဘယ်လို ဓားစာခံဖြစ်ကြရလဲဆိုတာကို သစ္စာဖောက်မှု၊ လက်စားချေမှုနဲ့ အသက်ရှင်သန်ဖို့ ရုန်းကန်ရမှုတွေကြားကနေ ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/hdoeohjf/5315

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment