တရုတ်သည် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း ပဋိပက္ခတွင် ပါဝင်ပတ်သက်ရန် အလားအလာ မရှိပေ။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အစ္စရေးက အီရန်အပေါ် ၁၂ ရက်ကြာ စစ်ပွဲဆင်နွှဲခဲ့စဉ်ကလည်း တရုတ်က အီရန်ကို ထောက်ခံကြောင်း အပ်ကြောင်းထပ်နေသော သံတမန်ရေးရာ စကားလုံးများဖြင့်သာ တုံ့ပြန်ခဲ့ဖူးသည်။ အလားတူပင် ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွင်လည်း အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးတခုလုံးကို ရှုတ်ချခြင်းထက် အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ လုပ်ကြံခံရမှုကို ရှုတ်ချရာတွင်သာ အပြင်းထန်ဆုံး စကားလုံးများကို သုံးနှုန်းခဲ့သည်။

တိုက်ခိုက်မှုများအပြီးတွင် အီရန်၌ မည်သည့်ခေါင်းဆောင် တက်လာသည်ဖြစ်စေ ရေနံစီးဆင်းမှုကို ကာကွယ်ပေးပြီး ဘုံအကျိုးစီးပွားကို ဦးစားပေးသရွေ့ ပူးပေါင်းဆောင်ရွက်ရန် တရုတ်က အသင့်ရှိနေသည်။ Read more: https://bur.mizzima.com/2026/03/06/84086

Comments

Be the first to add a comment