ဗြိတိန်အစိုးရသည် မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ နိုင်ငံသားများအတွက် ပညာသင်ဗီဇာထုတ်ပေးမှုကို ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် ရပ်ဆိုင်းလိုက်သည်။ အဆိုပါနိုင်ငံသားများသည် ဗြိတိန်၏ စေတနာကောင်းမှုအပေါ် အခွင့်ကောင်းယူပြီး ခိုလှုံခွင့်တောင်းခံနေကြသည်ဟု ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က စွပ်စွဲသည်။

မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံသားများအတွက် ပညာသင်ဗီဇာ (Study Visa) ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး အာဖဂန်နိုင်ငံသားများအတွက်ကမူ အလုပ်ဗီဇာ (Work Visa) ကိုပါ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83744

#မြန်မာ
#ပညာသင်ဗီဇာ
#ယူကေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment