"ဒါဟာ တကယ့်ကို စိုးရိမ်စရာဖြစ်ပြီး အခြေအနေတွေ ပိုမိုဆိုးရွားလာနေပါတယ်။ အီရန်ရဲ့ ခွဲခြားမှုမရှိ ရမ်းသန်းလက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပိုတိုးလာနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဥပမာတွေပြောရမယ်ဆိုရင် မနေ့က အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့ ဘာရိန်းအခြေစိုက်စခန်းမှာ ကျွန်တော်တို့ ဗြိတိန်တပ်ဖွဲ့ဝင် ၃၀၀ ရှိနေခဲ့ပါတယ်။ အချို့ဆိုရင် ဒုံးကျည်ကျတဲ့နေရာနဲ့ ကိုက်အနည်းငယ်အကွာမှာပဲ ရှိနေခဲ့တာပါ။" ဟု ဂျွန်ဟေလီက Sunday Morning With Trevor Phillips ရုပ်မြင်သံကြားအစီအစဉ်တွင် ပြောသည်။

"ဆိုက်ပရပ်စ်ဘက်မှာလည်း ဒုံးကျည်နှစ်စင်း ပစ်ခတ်တာ ခံခဲ့ရပါတယ်။ ဒါဟာ ဆိုက်ပရပ်စ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ကျွန်တော်တို့ မယူဆပါဘူး။ ဒါပေမဲ့ ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်နေတဲ့ အစိုးရတရပ်ဆီကနေ တကယ့်ခြိမ်းခြောက်မှု မြင့်တက်လာနေတယ်ဆိုတာကို ပြသနေတဲ့ ဥပမာတခုဖြစ်ပြီး အဲဒါကို ကျွန်တော်တို့ အရေးယူလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။" ဟု ဂျွန်ဟေလီက ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2026/03/02/83436

Comments

Be the first to add a comment