လူထုခေါင်းဆောင်မပါဘဲ နိုင်ငံအနာဂတ် တည်ဆောက်၍မရဟု CRPH ဥက္ကဋ္ဌ ပြော

ဇာမဏီလင်းမောင်

မဇ္ဈိမ။ ။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ မပါဝင်ဘဲ နိုင်ငံ၏ အနာဂတ်ခရီးကို ဖော်ဆောင်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ယနေ့တွင် ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။

ယနေ့ (မတ်လ ၉) နံနက်ပိုင်းက ကျင်းပသည့် (၁၁) ကြိမ်မြောက် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေးတွင် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိထားသည့် ပြည်သူ့ကိုယ်စားပြုမှုသည် မည်သည့်နည်းနှင့်မျှ ချေဖျက်၍မရကြောင်း အစပျိုးပြောဆိုခဲ့ပြီး စစ်ကော်မရှင်၏ လုပ်ရပ်များမှာ အာဏာတည်မြဲရေးအတွက် ဒီမိုကရေစီမျက်နှာဖုံးစွပ်ကာ အတုအယောင်များဖြင့် လှည့်ဖြားနေခြင်းသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

အထူးသဖြင့် စစ်ကော်မရှင်၏ရွေးကောက်ပွဲသည် တရားဝင်ကိုယ်စားပြုမှု လုံးဝရရှိနိုင်မည်မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများကလည်း ငြင်းဆိုထာ…

Comments

Be the first to add a comment