Grimcutty (2022)
------------------------

IMDB (4.6/10)

နည်းပညာတွေတိုးတက်လာတဲ့အမျှ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်းရှိစမြဲပါပဲ တိုးတက်လာတာနဲ့အမျှ ကလေးတွေရဲ့ screen time အရမ်းတိုးလာသလို အွန်လိုင်းပေါ်က challenge တွေကိုလည်း မိုက်ရူးရဲဆန်စွာ လုပ်တတ်လာကြပါတယ်

အာရှာတို့ မြို့လေးမှာ ကလေးတွေက ဓားနဲ့ကိုယ့်ကိုကိုယ်ထိခိုက်အောင်လည်းလုပ်တယ် အခြားသူတွေကိုလည်း ထိခိုက်အောင်လုပ်တဲ့အပြင် ကိုယ့်အမေအရင်းကိုပါဓားနဲ့ထိုးမှုတွေထိပါဖြစ်လာပါတော့တယ်

ဒီလိုဖြစ်ရတဲ့နောက်ကွယ်က အကြောင်းအရင်းက ဂရင်းကတ်တီကြောင့်ပါပဲ အာဏာပိုင်တွေကတော့ ကလေးတွေက ဂရင်းကတ်တီ challengeကိုလုပ်ရင်း ထင်ယောင်ထင်မှားဖြစ်ပြီး ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်မိကြတာလို့ သုံးသပ်ကြပါတယ်

မြို့မှာ ဒီလိုကိစ္စတွေ အဖြစ်များလာတဲ့နောက် မိုက်ရူးရဲတဲ့ကိစ္စတွေမလုပ်ဖို့ အာရှာကိုသူ့မိဘတွေက သတိပေးတဲ့ချိန်မှာပဲ အာရှာတစ်ယောက် ဂရင်းကတ်တီနဲ့ကြုံလိုက်ရပါတော့တယ်

သူ့ရဲ့မိဘတွေကို အမှန်တိုင်းပြောပေမယ့် အားကစားကနေလည်း သူစိတ်တိုင်းကျထွက်လိုက်ပြီး စိတ်ဓာတ်ကျတဲ့သူလိုမျိုးဖြစ်နေတဲ့ အာရှာကို သူ့မိဘတွေကမယုံကြည်ကြပါဘူး

😍ကြည့်ရန်နှိပ်ပါ

t.me/horrormoviemmsub3/210

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment