Mizzima
မတ်လ ၁ ရက်တွင် ပင်လယ်ကွေ့ရှိ ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်းသင်္ဘောကို အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောကြားပြီးနောက်၊ ယင်းဗီဒီယိုဖိုင်သည် မြန်မာ၊ ပြင်သစ်၊ စပိန်နှင့် အာရပ်ဘာသာ စကားများဖြင့် Facebook နှင့် Instagram တို့တွင် ပျံ့နှံ့နေခဲ့သည်။
အေဘရာဟမ်လင်ကွန်း သင်္ဘောမှာ ထိမှန်ခြင်းမရှိခဲ့ကြောင်းနှင့် ပစ်ခတ်လိုက်သော ဒုံးကျည်များ သည် သင်္ဘောအနီးအနားသို့ပင် ရောက်ရှိခဲ့ခြင်းမရှိကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က X လူမှုကွန်ရက်မှတဆင့် ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။
လက်ရှိ ပျံ့နှံ့နေသော ရုပ်သံဖိုင်မှာ ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းသင်္ဘောကို အီရန်ဒုံးကျည်များထိမှန်နေသည့် ပုံရိပ်မဟုတ်ပေ။ ဂူဂဲလ်တွင် ယင်းရုပ်သံပါ အဓိကပုံရိပ်များကို ရှာဖွေကြည့်ရာ ယင်းရုပ်သံဖိုင်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်ကတည်းက Facebook ပေါ်တွင် ရှိနေခဲ့ပြီးဖြစ်ကြောင်း တွေ့ရသည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အမေရိကန်
#လေယာဉ်တင်သင်္ဘော
#အီရန်တိုက်ခိုက်ခဲ့
#သတင်းမှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
Comments
Be the first to add a comment