အီရန်နိုင်ငံအပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့် အလီခါမေနီ သေဆုံးမှုတို့သည် အရှေ့အလယ်ပိုင်းဒေသရှိ တရုတ်၏ သြဇာအာဏာကို ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။
အမေရိကန်ကို ချက်ချင်းတုံ့ပြန်ရန် နည်းလမ်းနည်းပါးနေသည့် တရုတ်အတွက် အီရန်အစိုးရ၏ လက်ကျန်အင်အားစုကို အကာအကွယ်ပေးနိုင်ရန်မှာ ပို၍ပင် ခဲယဉ်းသည်။ ဇန်နဝါရီလအတွင်းက တရုတ်၏ မဟာမိတ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုရာထူးမှ ပြုတ်ကျသွားပြီးနောက် ယခုတိုက်ခိုက်မှုသည် "ခုခံရေးဝင်ရိုးတန်း" ဟု ခေါ်ဆိုကြသည့် အုပ်စု၏ အားနည်းချက်များကို ပေါ်လွင်စေခဲ့သည်။
ယခုအချိန်အထိ အဆိုပါ အာဏာရှင်နိုင်ငံများအုပ်စု၏ ခေါင်းဆောင်ဖြစ်သော တရုတ်နိုင်ငံသည် နှုတ်ဖြင့်သာ တုံ့ပြန်နေသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/03/83616#အီရန်
#တရုတ်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews