မြဝတီက စစ်ကောင်စီဌာနဆိုင်ရာ အရာရှိတွေနဲ့ ဘဏ်မှ ငွေကြေးများကို ထိုင်းကတဆင့် ပို့ဆောင်
မြဝတီမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဝန်ထမ်းတွေကိုခေါ်ယူဖို့ ရောက်လာတဲ့ စစ်ကောင်စီရဲ့ MNA လေယာဉ်ဟာ မဲဆောက်လေဆိပ်မှာ ၁ နာရီ ၂၀ မိနစ်ကြာရပ်နားပြီးနောက် ဧပြီ ၇ ရက်ည ၁၀ နာရီမှာ ပျံတက်သွားကြောင်းထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။လေယာဉ်နဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်များ လိုက်ပါသွာတာကို မတွေ့ရဘဲ အရာရှိ ၂၀ ခန့်မှာ ငွေများကိုသယ်ဆောင်ကာ ပြန်သွားကြောင်း ၊ထိုင်းအာဏာပိုင်များက လေဆိပ်ခြံစည်ရိုးတံခါး ကို ပိတ်ထားပြီး လုံခြုံရေး တင်းကြပ်ထားတာကြောင့် ထိုင်းသတင်းဌာနတွေလည်း လေဆိပ် အပြင်မှသာသတင်းယူနေရကြောင်း သိရပါတယ်။ကရင်ပြည်နယ် မြဝတီမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိုင်းနယ်စပ်မြို့ကနေ ပြန်ခေါ်ယူနိုင်ဖို့ စစ်ကောင်စီက လေကြောင်းခရီးစဉ်တွေ ညှိုနှိုင်းစီစဉ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ရန်ကုန်-မဲဆောက်သို့ ၃ ရက်တာ လေယာဉ် ခရီးစဉ် ပျံသန်းခွင့်ပြုရန် စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထိုင်းအစိုးရကို အရေးပေါ် မေတ္တာရပ်ခံခဲ့ကြောင်း ထိုင်းသတင်းဌာန The Reporter က သတင်းဖော်ပြထားပါတယ်။အဆိုပါ မေတ္တာရပ်ခံစာမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ရဲ့ လေယာဉ်များက ဧပြီလ ၇ ရက်၊ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ရန်ကုန်-မဲဆောက် လေယာဉ်ခရီးစဉ်များ ပျံသန်းမှာဖြစ်ပြီး ပျံသန်းမယ့် လေယာဉ်အမှတ်တွေကိုလည်း အတိအကျ ဖော်ပြထားကြောင်းသိရပါတယ်။ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာ ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ဧပြီလ ၅ရက်နေ့တုန်းက KNU ထံ လက်နက်ချခဲ့တဲ့ စစ်တပ်အင်အား ၆၀၀ကျော်ကို ပြန်ခေါ်ယူဖို့ မြန်မာစစ်ကောင်စီက ထိုင်းဘက်ကိုညှိနိုင်းခဲ့ပြီး၊ မဲဆောက်ကနေ လေကြောင်းခရီးစဉ်တွေကို စီစဉ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာရေးသားခဲ့ပါတယ်။ မြဝတီမြို့ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို KNLA မဟာမိတ်ပူပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီ အရာရှိ အဆင့် ၆၇ ဦး၊ အခြားအဆင့်၊ တပ်သား၊ ရဲနဲ့ မိသားစုဝင်တွေ အပါအဝင် ၆၁၇ ဦး လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၆ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။မြဝတီပတ်ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး မြဝတီ စစ်ကောင်စီ မြို့စောင့်တပ် ခလရ ၂၇၅ တပ်က လက်နက်ချ အညံ့မခံသေးတဲ့ တပ်ဖွဲ့ဝင်တွေ ရှိသေးတာကြောင့် စစ်ရေးဆက်လက်တင်းမာနေပါတယ်။တော်လှန်ရေးတပ်ဖွဲ့များ ကအပြီးသတ်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ မြဝတီမြို့ဟာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ရဲ့အချက်အချက်မြို့ ဖြစ်ပြီး မြို့မှာ လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေရှိနေတာဖြစ်ပါတယ်။မြဝတီမြို့ပေါ်မှာရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကလည်း ဟိုတယ်တွေမှာ ပြောင်းပြီးတည်းနေကြသလို တချို့ကလည်း ထိုင်းနိုင်ငံဘက်ခြမ်း၊ မဲဆောက်မြို့ဘက်မှာ ပြောင်းရွှေ့နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။စစ်ကောင်စီက မြဝတီမြို့နယ်ကို ဗုံးကြဲရန်အတွက် အခုလို့စီစဉ်ခြင်းဖြစ်နိုင်ကြောင်း KNU ဘက်မှလည်း သုံးသပ်ကာ ပြည်သူများကို မြဝတီမြို့နယ်မှစတင်ရှောင်ရှားရန်သတိ့ပေးထားကြောင်း ထိုင်းသတင်းဌာန The Reporters ကပင်ဖော်ပြထားပါတယ်။ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအချက်အခြာမြို့ဖြစ်တဲ့ မြဝတီမှာ စစ်ရေးကြောင့်ဖြစ်လာမယ့် ထိခိုက်မှုတွေကို ဒေသခံတွေကြား စိုးရိမ်စိတ်မြင့်တက်နေပါတယ်။စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာတော့ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အနီးမှာ စစ်ရေးတင်းမာမှုအမြင့်ဆုံးအခြေအနေသို့ ရောက်နေပေမယ့်လည်း မြို့တွင်းမှာ ယနေ့ ဧပြီ (၇)ရက် နံနက်ပိုင်းအချိန်အထိ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ဖော်ပြထားပါတယ်။#PoliticalNews #Mizzima-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12USubscribe our channel:
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/joinFollow us: Facebook | Myanmar Language
https://bit.ly/3vCKbIzFacebook | English languagehttps://bit.ly/3J5UgADFacebook | Mizzima+TV
https://bit.ly/3eGNjdlTwitter https://twitter.com/MizzimaNewsTelegramhttps://bit.ly/3vEyqRUSportifyhttps://spoti.fi/3U4N91EGet Mizzima TV App Free
https://bit.ly/3U39QDBWebsite :
https://bit.ly/3vIkhTDhttps://bit.ly/4ajxPUEhttps://bit.ly/3RQ09VG.....................About us: Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main…