“ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက် ဆက်ဆံရေးတခုတော့ ရှိရမှာ ဖြစ်တယ်၊ နိုင်ငံအဆင့် မဟုတ်တဲ့ အဖွဲ့အစည်းတခုနဲ့ တရားဝင် အဆက်အဆံ မပြုနိုင်ပေမယ့် လုံးလုံး မဆက်ဆံလို့လည်း မဖြစ်ဘူး၊ ဆက်ဆံရေး အဆင့်ဆင့်ကို ထိန်းသိမ်းသွားဖို့ လိုအပ်တယ်” ဟု တူဟိဒ်ဟူစိန်က ပြောသည်။

မြန်မာ အာဏာသိမ်းစစ်အစိုးရနှင့် တော်လှန်ရေးအဖွဲ့များကြား ဆက်လက် ဖြစ်ပွားနေသည့် ပဋိပက္ခများ တွင် AA သည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်ကို ယမန်နှစ် ဒီဇင်ဘာလတွင် အပြည့်အဝ ထိန်းချုပ်နိုင်သော်လည်း ကျောက်ဖြူဆိပ်ကမ်းမှာ အာဏာသိမ်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက် ရှိနေသည်။⁩

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/29/54654

Comments

Be the first to add a comment