ထိုင်ဝမ်အရေး အရေးပေါ်အခြေအနေတခု၌ ပေကျင်း၏ အဓိကစိုးရိမ်ပူပန်ချက်က အမေရိကန်၏ ကြားဝင်စွက်ဖက်မှု ဖြစ်သည် ဆိုသော်လည်း ၎င်းတို့၏ အစီအစဉ်ဆွဲမှုများက ထိုမျှနှင့် ရပ်တန့်သွားမည် မဟုတ်ပေ။ တရုတ်သည် အမေရိကန်ကို အာရုံစိုက်နေစဉ်မှာပင် သြစတြေးလျအပါအဝင် အမေရိကန်၏ အဓိကမဟာမိတ်များကိုလည်း ဖိအားပေးနိုင်စွမ်း ရှိသည်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရေးက သြစတြေးလျ၏ အဓိက အမျိုးသားအကျိုးစီးပွား ဖြစ်သည်။ သြစတြေးလျသည် ထိုင်ဝမ်ရေလက်ကြား အကျပ်အတည်းတခု၏ ရလဒ်ကို တဦးတည်း မဆုံးဖြတ်နိုင်သော်ငြား ထိုဖြစ်စဉ်အပေါ် တိုက်ရိုက်သက်ဆိုင်မှုရှိနေပြီး သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးတုံ့ပြန်မှုများမှတဆင့် ပေကျင်း၏ လုပ်ဆောင်ချက်များကို ခက်ခဲရှုပ်ထွေးအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/09/84367

#ထိုင်ဝမ်ရေလက်ကြား
#တရုတ်
#သြစတြေးလျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment