အိန္ဒိယ-တရုတ် နယ်စပ်အရေးအခင်း စစ်ကား🖤📱😘

အညွှန်းဖတ်ရန်
🔽⬇️
၁၉၆၂ ခုနှစ်၊ အိန္ဒိယ-တရုတ် နယ်စပ်အရေးအခင်းကာလ။ "အိန္ဒိယနဲ့ တရုတ် ညီအစ်ကိုတွေပါ" လို့ ကြွေးကြော်ခဲ့ကြရာကနေ တရုတ်ဖက်ကမမျှော်လင့်ဘဲ နောက်ကျောကိုဓားနဲ့ထိုးကာ ကျူးကျော်စစ်ဆင်နွှဲလာခဲ့ပါတယ်။ လဒက်ဒေသတစ်ခုလုံးအတွက် အသက်တမျှအရေးကြီးတဲ့ လေယာဉ်ကွင်းကို သိမ်းပိုက်ဖို့ တရုတ်တပ်မကြီးက အလုံးအရင်းနဲ့ ချီတက်လာတဲ့အခါ...

သူတို့ကို တားဆီးဖို့အတွက် အဓိကကျတဲ့ "ရေဇန်းလာ" တောင်ကြားလမ်းမှာ တပ်စွဲထားတာကတော့ ဗိုလ်မှူးရှိုင်တန်ဆင်းဘာတဦးဆောင်တဲ့တပ်ခွဲက စစ်သည်အင်အား ၁၂၀ သာ ရှိပါတယ်။

တစ်ဖက်မှာ ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ ထောင်သောင်းချီတဲ့ တရုတ်စစ်သည်တွေ၊ တစ်ဖက်မှာတော့ အင်အား ၁၂၀ သာရှိပြီး အေးခဲနေတဲ့ ရာသီဥတုဒဏ်ကိုပါ အလူးအလဲခံနေရတဲ့ အိန္ဒိယစစ်သည်တွေ။ ဒါပေမဲ့ သူတို့သွေးထဲမှာ စီးဆင်းနေတာက "အာဟီယာ" စစ်သည်တော်မျိုးနွယ်တွေရဲ့ သတ္တိသွေး။

တကယ့်သမိုင်းတွင်ခဲ့တဲ့ "ရေဇန်းလား တိုက်ပွဲ" အကြောင်းကို အခြေခံရိုက်ကူးထားပြီး၊ တစ်ရွာတည်း ဇာတိတူ၊ ငယ်သူငယ်ချင်း စစ်သည်တွေရဲ့ သံယောဇဉ်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ဦးဆောင်မှုနဲ့ တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားကြတဲ့ သူရဲကောင်း ၁၂၀ ရဲ့ မှတ်တမ်းကို ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

စစ်ကားကောင်းကြိုက်သူတွေ၊ ဖြစ်ရပ်မှန်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

ကြည့်ရန်⬇️🔽
https://t.me/hdoeohjf/3484

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment