လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော ရန်ပွဲကို ရိုက်ကူးမိခဲ့သည့် ဗီဒီယိုတွင် မျက်နှာဖုံးစွပ်ထားသူ အများအပြားက မြေပေါ် လဲနေသော အမျိုးသားတဦးကို ကန်ကျောက်ထိုးနှက်နေသည်ကို မြင်တွေ့ရရာ ပြင်သစ်တနိုင်ငံလုံး တုန်လှုပ်ခြောက်ခြားမှုနှင့် ဒေါသထွက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက် ဂျာရက်ကုရှ်နာ၏ ဖခင်ဖြစ်သူ သံအမတ်ကြီး ကုရှ်နာသည် ပြင်သစ်အာဏာပိုင်များအပေါ် ဝေဖန်မှုကြောင့် သမ္မန်ဆင့်ခေါ်ခံရခြင်းမှာ ယခုအကြိမ်က ပထမဆုံးမဟုတ်ပေ။ ၂၀၂၅ ဩဂုတ်လကလည်း ဂျူးဆန့်ကျင်ရေးဝါဒအပေါ် ပြင်သစ်အစိုးရက "လုံလောက်သော အရေးယူဆောင်ရွက်မှု မရှိ" ဟု စွပ်စွဲပြောဆိုသည့်အတွက် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆင့်ခေါ်ခြင်း ခံခဲ့ရဖူးသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/02/23/82836#ပြင်သစ်
#အမေရိကန်
#သမ္မန်ဆင့်ခေါ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews