Play-off အကျော့အတွက် မဲခွဲမှုကို သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပေမဲ့ ဒီအဆင့်မှာ ၅၀-၅၀ ဖြစ်နိုင်ချေကို ကြိုသိနိုင်ပြီဖြစ်ပါတယ်။

ဒီတော့ ဆဲလ်တစ် ဒါမဟုတ် မန်ချက်စတာစီးတီး တသင်းဟာ ရီးယဲလ်မက်ဒရစ်နဲ့ ကစားရမှာပါ။ ကျန်တသင်းက ဘိုင်ယန်မြူးနစ်နဲ့ ကစားသွားမှာပါ။ ဒီပွဲစဉ်တွေကနေ အနိုင်ရတဲ့ အသင်းတွေဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာ အက်သလက်ကိုမက်ဒရစ် ဒါမှမဟုတ် လီဗာကူဆင်နဲ့ တွေ့ဆုံပါလိမ့်မယ်။

လီဗာပူးလ်ဟာ နောက်ဆုံး ၁၆ သင်းအဆင့်မှာ မိုနာကို၊ ဘရက်စ်၊ PSG ဒါမှမဟုတ် ဘင်ဖီကာ၊ ဒီအသင်းတွေထဲက တသင်းနဲ့ ကစားရမှာပါ။

အာဆင်နယ်က ဖီယင်နု၊ ဂျူဗင်တပ်စ်၊ အေစီမီလန် ဒါမှမဟုတ် PSV ထဲက တသင်းနဲ့ တွေ့ဆုံမှာပါ။

အက်စတန်ဗီလာက စပို့တင်းလစ္စဘွန်း၊ ကလပ်ဘရူဂျ်၊ အာတာလန်တာ ဒါမှဟတ် ဒေါ့မွန်တို့ထဲက တသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
(Pic: BBC)

Comments

Be the first to add a comment