Mizzima
"အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နေတာဖြစ်ပြီး ဒီနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုမယ့် အီရန်ရဲ့ အခွင့်အရေးကို ဘယ်နိုင်ငံကမှ ပိတ်ပင်လို့မရပါဘူး" ဟု အီရန်အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ မိုဟာမက် အက်စ်လာမီက ပြောသည်။
ထရမ့်က အမေရိကန်အနေဖြင့် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် Truth Social လူမှုကွန်ရက်၌ အရိပ်အမြွက်ထပ်ပြောထားကာ လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ အမေရိကန်၏ စစ်အင်အားတိုးချဲ့မှုများလည်း လုပ်ဆောင်နေသည်။
"ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်စေမည့်" စစ်ဆင်ရေးဆိုင်ရာ ရွေးချယ်စရာများကို ထရမ့်အား တင်ပြထားကြပြီး ထိုအထဲတွင် အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် "အီရန် နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင် အမြောက်အမြားကို သုတ်သင်ရန်" စီမံချက်လည်း ပါဝင်ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိများက Wall Street Journal သို့ ပြောကြားခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အမေရိကန်
#နျူကလီးယား
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment