အမေရိကန်နှင့် အစ္စရေးတို့၏ ကနဦး တိုက်ခိုက်မှုများအပြီး နာရီပိုင်းအတွင်းမှာပင် ရုရှားနှင့် တရုတ်တို့က အီရန်ဘက်မှ ရပ်တည်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပြီး ကနေဒါ၊ သြစတြေးလျနှင့် ယူကရိန်းတို့က အမေရိကန်နှင့် အစ္စရေးတို့ဘက်မှ ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။ အခြားသော ကမ္ဘာ့ခေါင်းဆောင် အများအပြားက နှစ်ဖက်စလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်နှင့် စစ်ရှိန်လျှော့ချကြရန် တိုက်တွန်းခဲ့ကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရမည်" ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက "ကနေဒါရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ အရှေ့အလယ်ပိုင်းတခွင် မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေရဲ့ အဓိကအရင်းအမြစ် ဖြစ်ပါတယ်။ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေတဲ့အပြင် သူတို့ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ဒါမှမဟုတ် ထုတ်လုပ်ခွင့် ဘယ်တော့မှ မပေးသင့်ပါဘူး" ဟု ပြောသည်။ Read more:
https://bur.mizzima.com/2026/03/01/83399