ဓာတ်ပုံ - ဘားအံမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) နံနက်အစောပိုင်းက စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသည့်ယာဉ်တန်းအား တွေ့ရစဉ်။ စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄ ရက်တွင် ထုတ်ဖော်ပြောဆိုထားသော်လည်း မြန်မာပြည်အောက်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီ ပြတ်လုနီးပါးနှင့်အတူ အလူးအလဲ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

Comments

Be the first to add a comment