Mizzima
ကမ္ဘောဒီးယားစစ်တပ်နှင့် အရပ်သားများသည် ဥဘွန်ရတ်ချာဌာနီပြည်နယ်ရှိ ထိုင်းနယ်စပ်အနီးတွင် တောမီးများကို တမင်တကာ စတင်ရှို့နေကြသဖြင့် မီးခိုးလုံးကြီးများ နယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ လွင့်လာကြောင်း စစ်ဘက်ဆိုင်ရာသတင်းများကို ဖော်ပြသည့် Army Military Force ပုဂ္ဂလိက ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
အော့ဒါမျန်ချေးပြည်နယ်ရှိ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် မီးခိုးများ နယ်စပ်တဖက်ခြမ်းသို့ လွင့်ပါးသွားစေရန် ရည်ရွယ်၍ စနေနေ့က မီးများရှို့ခဲ့ကြသည်ဟု ထိုဝက်ဘ်ဆိုက်က စွပ်စွဲရေးသားထားသည်။
သို့သော် လေတိုက်သည့်လားရာ ရုတ်တရက် ပြောင်းသွားခဲ့သဖြင့် မီးခိုးများနှင့် မီးတောက်များသည် ကမ္ဘောဒီးယားဘက်ခြမ်းရှိ လူနေရပ်ကွက်များနှင့် ကျောင်းများအတွက် အန္တရာယ်ရှိနိုင်သော အနေအထားဖြစ်သွားခဲ့သည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ကမ္ဘောဒီးယား
#ထိုင်း
#တောမီးရှို့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment