Mizzima
ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပိုမိုရေရှည်တည်တံ့သော ကမ္ဘာမြေဖြစ်လာစေရန် ရည်ရွယ်သည့် အဆိုပါ လှုပ်ရှားမှုကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက် (စနေနေ့)၊ ည ၈:၃၀ နာရီမှ ၉:၃၀ နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၉၀ နှင့် မြို့ပေါင်း ၇,၀၀၀ မှ သန်းပေါင်းများစွာသော ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါလှုပ်ရှားမှုသည် အိမ်ထောင်စုများအတွက် လျှပ်စစ်မီတာခကို သက်သာစေရုံသာမက စွမ်းအင်ချွေတာရေး၊ ဘတ်ဂျက်ဖိအားလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံအဆင့် ကြိုးပမ်းအားထုတ်မှုများကိုလည်း အထောက်အကူပြုကြောင်း ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့ (BMA) က ပြောသည်။
BMA သည် WWF Thailand နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂၀၀၈ ခုနှစ်မှစ၍ တနာရီကြာ မီးပိတ်ခြင်း လှုပ်ရှားမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည်။ လွန်ခဲ့သည့် ၁၈ နှစ်တာအတွင်း အဆိုပါလှုပ်ရှားမှုဖြင့် လျှပ်စစ်ဓာတ်အား ၂၂,၆၁၇ မဂ္ဂါဝပ် ချွေတာနိုင်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁၂,၃၃၀ ကို လျှော့ချနိုင်ခဲ့ကြောင်း BMA က ပြောသည်။…
Comments
Be the first to add a comment