PP LINK UPLOAD
🤩
တိုက်ဂါးရှော့ရဲ့ပေါ့ပေါ့ပါးပါးကြည့်ရမယ့်လူငယ်ဇာတ်ကားကောင်းလေး
🤩
အညွှန်းဖတ်ရန်
⬇️
⬇️
ဇာတ်လမ်းအစမှာ Rohanဆိုတဲ့ ပညာရေးထက် အားကစားမှာ ပိုထူးချွန်ပြီး ရိုးသားတဲ့ ဆင်းရဲသားကောင်လေးတစ်ယောက်ရှိပါတယ်။ သူဟာ ငယ်ချစ်ဦးဖြစ်တဲ့ Mia နဲ့ အတူရှိနိုင်ဖို့အတွက် ပိုက်ဆံရှိ အသိုင်းအဝိုင်းက ကလေးတွေပဲ တက်နိုင်တဲ့ နာမည်ကြီး Saint Teresa ကောလိပ်ကို အားကစားပညာတော်သင်ဆုနဲ့ တက်ရောက်ခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ သူထင်သလို ကောလိပ်ဘဝက ရိုးရှင်းမနေခဲ့ပါဘူး။ ကောလိပ်ရောက်တဲ့အခါ အာဏာရှိပြီး ချမ်းသာတဲ့ ကျောင်းအုပ်ကြီးရဲ့သား Manav နဲ့ ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာသလို၊ Manav ရဲ့ ညီမဖြစ်သူ ဂျောက်ဂျက်ဆန်းပြီး မောက်မာတဲ့ Shreya နဲ့လည်း ပြဿနာတွေ ခဏခဏတက်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း ငယ်ချစ်ဦး Mia က ကောလိပ်ရဲ့ ကြွယ်ဝချမ်းသာတဲ့ အသိုင်းအဝိုင်းကြားထဲ မျောပါပြီး သူ့ကို ပစ်ပယ်ဖို့ ကြိုးစားလာတဲ့အခါ... ရိုဟန်တစ်ယောက် ကောလိပ်ကနေ မတရားစွပ်စွဲချက်တွေနဲ့ ထုတ်ပယ်ခံလိုက်ရတဲ့အထိ အခြေအနေတွေ ဆိုးရွားသွားခဲ့ပါတယ်။
ဒီလိုနဲ့ အောက်ခြေအဆင့်ကို ပြန်ကျသွားတဲ့ ရိုဟန်တစ်ယောက် သူ့ရဲ့ သိက္ခာကို ပြန်ဆယ်ဖို့၊ လူကောင်ကြီးပြီး အားကိုးမရတဲ့ ကျောင်းသားတွေပဲရှိတဲ့ သူ့ရဲ့ ကျောင်းဟောင်း (Pishorimal Chamanlal) ကို ပြန်သွားပြီး ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကြီးဖြစ်တဲ့ "Dignity Trophy" နဲ့ "Student of the Year" ဆုကို အရယူဖို့ ဘဝကို အလောင်းအစားလုပ်ပြီး ပြန်လည်ကနဦး ကြိုးစားပါတော့တယ်။
ကြည့်ရန်
🔽
⬇️
https://t.me/c/3256917733/1440
ချန်နယ်အရင်Joinပါ
⬇️
🔽
https://t.me/+FG2J_yxgmIw4NTU1
Comments
Be the first to add a comment