Mizzima
စစ်ကော်မရှင်နှင့် ဆက်ဆံရေးတင်းမာသည့် DKBA၏ ဖလူး ကျားဖြန့်ဝင်းထဲ လက်နက်ကြီးကျ ၊ ကျားဖြန့်လုပ်ငန်းများ နေရာရွှေ့ပြောင်း
ဟန်ထူးဇော် ၊ YT
မဇ္ဈိမ။ ။ စစ်ကော်မရှင်နှင့် ဆက်ဆံရေးတင်းမာနေသည့် DKBA ၏ ဖလူးဒေသရှိ ကျားဖြန့်ဝင်းထဲသို့ စစ်ကော်မရှင်လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ကျားဖြန့်လုပ်ငန်းများ နေရာရွှေ့ပြောင်းနေကြောင်း သိရသည်။
ယနေ့ (မတ်လ ၁၃ ရက်) နံနက်ပိုင်းတွင် ဖလူးကျေးရွာရှိ DKBA အကာအကွယ်ဖြင့် ဆောက်လုပ်ထားသည့် ဖလူးကျွန်းတော အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းသို့ စစ်ကော်မရှင်က လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သည်။
“ကျတာက နှစ်လုံး ။ ပထမ တလုံးကျပြီးတော့ ထိတဲ့သူတွေကို ဆွဲထုတ်ရင်း နောက်ထပ်တခါ ထပ်အကျမှာ ထပ်ထိတာ ဒဏ်ရာရတာ ၁၅ ဦး ကျော်တယ် ။ သေတာလည်း ရှိတယ် အတိအကျမသိသေးဘူး ကားတွေတော့ တောက်လျှောက် ဝင်လိုက်၊ ထွက်လိုက်ပဲ”ဟု ဖလူးဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ထိခိုက်သေဆုံးရသည့် အရေအတွက် အတိအကျကိုမူ မဇ္ဈိမက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ကျားဖြန့်လုပ်ငန်းများမှာ ဘုရားသုံးဆူဘက်နှင့် ဆုံဆည်းမြိုင်ဘက်သို့ ပြောင်းရွှေ့နေကြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်းဝန်ထမ်းတဦးက…
Comments
Be the first to add a comment