တက္ကသိုလ်ကျောင်းသားများအနေဖြင့် ဆန္ဒပြပိုင်ခွင့်ရှိသော်လည်း အားလုံးအနေဖြင့် စည်းနီ (ကန့်သတ်ချက်များ) များကို နားလည်သဘောပေါက်ရလိမ့်မည်ဖြစ်ကြောင်း အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူက ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ပြောသည်။

ယင်းသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်မှစပြီး တက္ကသိုလ်နယ်မြေများအတွင်း ပြန်လည်ပေါ်ပေါက်လာသည့် လူစုဝေးဆန္ဒပြမှုများအပေါ် အစိုးရ၏ ပထမဆုံး တရားဝင် တုံ့ပြန်မှု ဖြစ်သည်။

“အလေးအမြတ်ထားတဲ့ အရာတွေနဲ့ နိုင်ငံတော်အလံတို့ဆိုတာက မိမိတို့ ကာကွယ်စောင့်ရှောက်ရမယ့် ‘စည်းနီ’ တွေထဲက ဥပမာနှစ်ခုပဲဖြစ်တယ်။ အဆုံးစွန်ဒေါသထွက်တဲ့အချိန်မျိုးတွေမှာတောင်မှ အဲဒီစည်းတွေကို ဖြတ်တာ ဒါမှမဟုတ် သွေဖည်တာမျိုး မလုပ်ရပါဘူး” ဟု အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖာတီမာဟ် မိုဟေဂျာရာနီက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83039

#ကျောင်းသားများ
#ဆန္ဒပြ
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment