မဇ္ဈိမ။ ။ယခင် အရပ်သားအစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ပြန်လည်လွတ်မြောက်လာပြီဟု မိသားစုနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံက သိရသည်။
“မိသားစုက မမိုးကိုသွားကြိုနေပြီ။ ဒေါက်တာမျိုးအောင်လည်း လွတ်တယ်။ သူ့အမျိုးသမီးသွားကြိုနေတယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်ကဆိုသည်။ Read more:
https://bur.mizzima.com/2026/03/02/83523