Mizzima
စစ်ကော်မရှင်၏ CEIR စနစ်နှင့် ပတ်သက်ပြီး လုံခြုံရေးသတိပြုရန် MIP အသိပေး
001
မဇ္ဈိမ။ ။ စစ်ကော်မရှင်၏ ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)သည် ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးယန္တရားအတွက် ထပ်တိုးအဆင့်မြှင့်လာခြင်းဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုရန် မြန်မာအင်တာနက်ပရောဂျက် (MIP)က အသိပေးသည်။
မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေး စက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (IMEI Code) ကို CEIR ၌ မှတ်ပုံတင်မှုကို ယခုမတ်လ ပထမပတ်ကစပြီး စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ယနေ့(မတ်လ ၅ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။
အဆိုပါ စနစ်သည် တည်နေရာခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း၊ အစုလိုက် အပြုံလိုက် စောင့်ကြည့်ရန် လွယ်ကူလာခြင်း၊ ပစ်မှတ်ထားပိတ်ဆို့ရန် လွယ်ကူခြင်း၊ မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်းနှင့် ဟက်ကာများ၏ ပစ်မှတ်ဖြစ်လာနိုင်ခြင်း စသည်တို့ကို ဖြစ်စေနိုင်ကြောင်း MIP က ယနေ့ ထုတ်ပြန်သည်။
“ စစ်ကော်မရှင်ဟာ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးနည်းလမ်းတွေကို အကောင်အထည်ဖော် အသုံးပြုနေတာ ကာလတခုရှိနေပါပြီ။…
Comments
Be the first to add a comment