ဗဟိုစစ်ကော်မရှင် (CMC) အတွင်းမှ ထုတ်ပယ်ရှင်းလင်းမှုများသည် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ သော်လည်း ယင်းမှာ အပေါ်ယံမျှသာ ရှိပါသေးသည်။ CSIS ၏ အချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာ ချက်များ အရ ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၃၆ ဦး ကို တရားဝင် ထုတ်ပယ်ခဲ့ကြောင်း တွေ့ရသည်။
ထို့ပြင် တက်ရောက်ရန် မျှော်လင့်ထားသော်လည်း ထိပ်သီးအစည်းအဝေးများသို့ မတက်ရောက်လာ သည့်အပေါ် အခြေခံ၍ ဆန်းစစ်ချက်အရ နောက်ထပ် အရာရှိကြီး ၆၅ ဦး မှာလည်း ပျောက်ဆုံးနေခြင်း (သို့မဟုတ်) ထုတ်ပယ်ခံထားရခြင်းတို့ ဖြစ်နိုင်ကြောင်း အချက်အလက်များက ဖော်ပြနေသည်။ ထို့ကြောင့် အတည်ပြုပြီးသူများနှင့် ဖြစ်နိုင်ခြေရှိသူ စုစုပေါင်းမှာ ၁၀၁ ဦး အထိ ရှိနေပြီး ယင်းမှာ အလွန် တရာ များပြားလှသော အရေအတွက် ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ
https://bur.mizzima.com/2026/02/26/83118#တရုတ်စစ်တပ်
#ရှင်းလင်းမှုများ
#ရှီကျင့်ဖျင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews