လုပ်ကြံခံလိုက်ရသည့် အီရန်ဦးသျှောင် အယာတိုလာ အလီ ခါမေနီ၏ သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီကို ခေါင်းဆောင်သစ်အဖြစ် အီရန်နိုင်ငံ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ရွေးချယ်လိုက်ကြောင်း ထိုဖြစ်စဉ်နှင့်အကျွမ်းဝင်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ Iran International က အင်္ဂါနေ့ (မတ်လ ၃ ရက်) တွင် ဖော်ပြခဲ့ပြီး အဆိုပါ မဲခွဲဆုံးဖြတ်မှုသည် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ဖိအားပေးမှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ခါမေနီ၏ ဒုတိယမြောက်သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီသည် ၎င်း၏ဖခင်ကဲ့သို့ပင် အီရန်၏ သဘောထားတင်းမာသော ရှေးရိုးစွဲအုပ်စုနှင့် တသားတည်းရှိသူအဖြစ် သတ်မှတ်ခံရသည်။ သူသည် အီရန်နိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်သူများကို နှိမ်နင်းခြင်းနှင့် ပြင်ပရန်သူများအပေါ် ပြင်းထန်သောမူဝါဒများ ကျင့်သုံးခြင်းတို့ကို လူသိရှင်ကြား ထောက်ခံခဲ့သူဖြစ်သည်။

♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2026/03/04/83709

#အီရန်ဦးသျှောင်သစ်
#ခါမေနီ
#မိုဂျ်တာဘာခါမေနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment