ယင်းရာဇဝတ်မှုများသည် ကမ္ဘာတဝန်းရှိ လူသန်းပေါင်းများစွာကို ထိခိုက်စေရုံသာမက စီးပွားရေးတည် ငြိမ်မှုနှင့် လုံခြုံရေးကို ပျက်ပြားစေပြီး လူ့အခွင့်အရေးများကိုပါ ချိုးဖောက်နေကြောင်း ဗီယင်နာမြို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုတိုက်ဖျက်ရေး ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
“အွန်လိုင်းငွေလိမ်ဂိုဏ်းများ- ပိုမိုရှုပ်ထွေးလာသည့် နယ်စပ်ဖြတ်ကျော်လိမ်လည်မှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယင်းအသွင်းပြောင်းလဲလာသော ခြိမ်းခြောက်မှုများကို ထိရောက်စွာ တားဆီးရေး အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးမှာ မဖြစ်မနေလိုအပ်ကြောင်း ဆီဟာဆက်က အလေးပေး ပြောကြားခဲ့သည်။
♦️ သတင်း အပြည့်အစုံ -
https://bur.mizzima.com/2026/03/17/85269#အွန်လိုင်း
#ငွေလိမ်ကွန်ရက်များ
#နှိမ်နင်းရေး
#နိုင်ငံတကာ
#ပိုမိုပူးပေါင်း
#ဆောင်ရွက်ရန်
#ထိုင်း
#တိုက်တွန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------