ဖလူးတွင် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး လေကြောင်းဒဏ်ကြောင့် စစ်ဘေးရှောင်များ ထပ်မံ နေရာရွေ့ပြောင်း

YT

မဇ္ဈိမ။ ။ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မင်းလက်ပံ၊ ဖလူး ဒေသတဝိုက်၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်များ နေရာထပ်မံ ပြောင်းရွှေ့နေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ဖလူး ကျွန်းတောနှင့် ဘုရားကုန်းအနီးတဝိုက်၌ ယမန်နေ့ မတ်လ ၂၁ ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ မနက် ၄ နာရီလောက်ကတည်းက ဖြစ်တာ။ ပြီးတော့ နေ့လယ်စာစားပြီးလောက်ကျတော့ လေယာဉ်သုံးခေါက်ဝဲပြီးတော့ ကျွန်းတောဂိတ် ဗိုလ်ကလနဘက် အဲ့ဒီစစ်ဘေးရှောင်တွေဘက်နဲ့ ရသေ့ဂူနားက ဖိုးငြိမ်းဘုရားဘက်ကို ကြဲသွားတယ်။ ဘုရားနှစ်ဆူ ပြိုသွားတယ်။ ဒီနေ့ကတော့ အခြေအနေ နည်းနည်းအေးဆေးပါတယ်” ဟု မင်းလက်ပံသတင်းရင်းမြစ်က ပြောသည်။

မြဝတီမြို့နယ် တောင်ဘက်ခြမ်းအား အပြည့်အဝ…

Comments

Be the first to add a comment