ဥရောပမြို့အချို့ရှိ ဂျူးအသိုက်အဝန်းကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့် အောက်ခြေအဆင့် တိုက် ခိုက်မှုအချို့နှင့်ပတ်သက်ပြီး လူသိနည်းသောအဖွဲ့တခုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားထားသည်။ သို့သော် အွန်လိုင်းပို့စ်များတွင် မိမိကိုယ်ကိုယ် Harakat Ashab al-Yamin al-Islamiya (HAYI) ဟု ခေါ်ဆိုနေသော ထိုအဖွဲ့သည် အမှန်တကယ် ရှိ၊ မရှိ သို့မဟုတ် အီရန်ထောက်လှမ်းရေး၏ လက်ဝေခံအဖွဲ့မျှသာလားဆိုသည်ကို ကျွမ်းကျင်သူများက သံသယရှိနေကြသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ကတည်းက ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် နယ်သာလန်ရှိ ဂျူးအသိုက်အဝန်းများသည် ပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

လန်ဒန်တွင် ဂျူးစေတနာ့ဝန်ထမ်းများ မောင်းနှင်သည့် လူနာတင်ယာဉ်များ မီးရှို့ခံရခြင်း၊ အန့်ဝပ်မြို့တွင် ကားတစီး မီးရှို့ခံရခြင်း၊ လီအေ့ချ်နှင့် ရိုတာဒမ်မြို့ရှိ ဂျူးဘုရားကျောင်းများတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့် အမ်စတာဒမ်ရှိ ဂျူးကျောင်းတကျောင်း ပစ်မှတ်ထားခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။ အီရန်လိုလားသော လူမှုကွန်ရက်အကောင့်များက ဗီဒီယိုဖိုင်များတင်ကာ ထိုတိုက်ခိုက်မှုများကို HAYI…

Comments

Be the first to add a comment