NUG အတွင်း ဝန်ထမ်းခန့်အပ်မှုယန္တရားကို 'A လေးလုံး' မူဝါဒဖြင့် ပြန်လည်ပြုပြင်မည်
မောင်ခက်နွေ
မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွင်း ဝေဖန်မှုများရှိနေသည့် ဆွေမျိုးသားချင်း ခန့်အပ်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ဝန်ထမ်းခန့်အပ်မှု ယန္တရားတခုလုံးကို 'A လေးလုံး' မူဝါဒဖြင့် အရှိန်အဟုန်မြှင့် ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်သည်။
အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံထားရသည့် NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန်ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အမှု စုံစမ်းစစ်ဆေးမှု ရလဒ်နှင့်ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသော NUG သည် ယနေ့(ဖေဖော်ဝါရီ ၂၁) တွင် သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ကာ ထိုသတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ Read more:
https://bur.mizzima.com/2026/02/21/82688