ကြို့ပင်ကောက်မြို့နယ် NLD ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီးသေဆုံး

MTO

မဇ္ဈိမ။ ။ ပဲခူးတိုင်း ၊ ကြို့ပင်ကောက်မြို့နယ် NLD ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်တင်တင်နုကို ၎င်း၏ နေအိမ်တွင်ပင် သေနတ်သမားတဦးက ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

မတ်လ ၂၂ ရက်၊ မွန်းတည့် ၁၂နာရီခန့်တွင် ဒေါ်တင်တင်နု နှင့် ၎င်းသမီးဖြစ်သူတို့ နေအိမ်၌ ချက်ပြုတ်နေစဥ် သေနတ်သမားသည် ခြံအနောက်ဝင်ပေါက်(မလွယ်ပေါက်)မှ ဝင်ရောက်ကာ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ဒေါ်တင်တင်နု၏ နားထင်၊ လည်ပင်းနှင့် ခါး တို့ တွင် သေနတ်ဒဏ်ရာများ ရရှိကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း သတင်းပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးတာဝန်ခံ ကိုဇေယျာက ပြောသည်။

၎င်းက “ ဒေါ်တင်တင်နုကို အဓိက တည်ပြီးတော့ ပစ်ခတ်သွားတာ သူ့မှာ အခုလိုမျိုးသတ်ဖြတ် ခံရလောက်တဲ့ ပုဂ္ဂိုလ်ရေးပိုင်းကတော့ မရှိသလောက် ရှားပါတယ်။ တော်လှန်ရေးအင်အားစုပိုင်းတွေ နဲ့ က ပြဿနာ မရှိပါ ဘူး။ အဓိက ကတော့ အကြမ်းဖက် စစ်တပ်ရဲ့ ထောက်တိုင် ပျူတွေ…

Comments

Be the first to add a comment