အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ၌ သုံးနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၂၀၀ ရင်းနှီးမြှုပ်နှံရန်အတွက် ပုဂ္ဂလိက ရှယ်ယာရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အတွေ့အကြုံရင့်ကျက်သည့် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်များဖြင့် အဖွဲ့သစ်တဖွဲ့ကို ဖွဲ့စည်းနေကြောင်း Semafor သတင်းဌာနက ယင်းလေ့လာကြည့်ရှုခွင့်ရသည့် စာရွက်စာတမ်းတစောင်ကို ကိုးကားပြီး မတ်လ ၁၁ ရက်တွင် ဖော်ပြသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် လူအင်အား ၃၀ ပါဝင်မည့် ထိုအဖွဲ့အတွက် Goldman Sachs ၊ Morgan Stanley ၊ JPMorgan နှင့် Bank of America တို့ကဲ့သို့ ထိပ်တန်းဘဏ်ကြီးများမှ ကျွမ်းကျင်သူများကို အဓိကပစ်မှတ်ထား စည်းရုံးလျက်ရှိကြောင်း သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84680

#ပင်တဂွန်စစ်ဌာနချုပ်
#ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
#ထိပ်တန်းဘဏ်လုပ်ငန်းရှင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment