တာချီလိတ်တွင် အမျိုးသမီးသေဆုံးမှု၊ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီး ၁၀ ရက်ကျော်သည်အထိ ဖြစ်စဉ်မှန် မသိရသေး

ရောင်နီ

မဇ္ဈိမ။ ။ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တဦး ပျောက်ဆုံးခဲ့ပြီး မီးသဂြိုဟ်ပြီးမှ သေဆုံးကြောင်း သိရသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူက ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

“ အခုအထိ သေမှုသေခင်းပဲ ဖွင့်ထားတယ်။ ၁၃ ရက်နေ့က ဖြစ်တာ အခုက ၂၃ ရက်နေ့ရှိပြီဆိုတော့ ၁၀ ရက်ရှိလာပါပြီ။ ဖြစ်စဉ်အမှန်ကို အမြန်ဆုံး သိချင်ပါတယ်။ ကြာသွားရင် ဒီအမှုကို အေးသွားမှာကြောက်တယ်။ သတင်းငြိမ်သွားရင် သူတို့ ပေါ့သွားမှာ” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82892

Comments

Be the first to add a comment