သံလှောင်အိမ်ကျဥ်းထဲမှ မလွှတ်မြောက်နိုင်သည့် ပိတ်လှောင်ခံဘဝများ ( သတင်းဆောင်းပါး)

ဟန်ထူးဇော်ရေးသားသည်။

နေရောင်မဝင်ရောက်နိုင်သော အခန်းထဲရှိ လေးပေပတ်လည် သာသာ သံလှောင်အိမ် အခန်းကျဉ်းလေးထဲတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လူတဦး ညည်းတွားနေသည်။

ကမ္ဘာကြီးက မေ့လျော့ထားပြီဟု သူခံစားနေရသော်လည်း နားထဲ ကြားလာရသည့် အသံတခုကြောင့် မျှော်လင့် ချက်ရှိသလို သူခံစားလိုက်ရသည်။ လူတကိုယ်စာလှဲ၍ မရသည့် လှောင်အိမ်ထဲမှ သူ ခေါင်းမော့ကြည့်ရာ လက်နက်ကိုင်ဆောင်ထားပြီး စစ်ဝတ်စုံဝတ်ဆင်ထားသော သူတခါမှ မမြင်ဖူးသူ တချို့ကို မြင်လိုက်ရသည်။

မြန်မာဘာသာစကားပြောဆိုနေသည်ကို သူသိသော်လည်း အဓိပ္ပါယ်ကို သူ ကောင်းကောင်းနားမလည်ပေ။ ထိုသူများ၏ နောက်တွင် DKBA တပ်ဝတ်စုံများ ဝတ်ဆင်ထားသည့် သူများ လက်နက်ကိုယ်စီဖြင့်ရောက်ရှိလာပြီး တရုတ်လူမျိုးတဦးက သူ၏ လှောင်အိမ်ကို ဖွင့်ပေးလိုက်သည်။

စစ်ဝတ်စုံဝတ်ဆင်ထားသူများနှင့် တရုတ်လူမျိုးတို့ စကားအပြန်အလည် ပြောဆိုခဲ့ပြီးနောက် သူ၏ လှောင်အိမ်တံခါးကို ပြန်ပိတ်ကာ ထွက်သွားခဲ့သည်။ ထို့နောက် သူသည် သံလှောင်အိမ်အတွင်း ကျန်ရှိခဲ့ပြီးနောက် ခေတ္တ ခံစားလိုက်ရသည့် မျှော်လင့်ချက်လည်း…

Comments

Be the first to add a comment