အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စနေနေ့က စတင် တိုက်ခိုက်ခဲ့ချိန်မှစကာ စစ်သင်္ဘောများနှင့် လေယာဉ်များအပါအဝင် အမေရိကန်စစ်ဘက်ဆိုင်ရာ အင်အားစု အမြောက်အမြား၏ တည်နေရာကို ရုရှားက အီရန်ထံ ပေးအပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ရုရှားအနေဖြင့် အီရန်ထံ မည်မျှ အတိုင်းအတာအထိ တိကျသော အချက်အလက်များ ပေးနိုင်ခဲ့သည်ဆိုသည်ကို မသိရှိသော်လည်း "အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းအားထုတ်မှု" တရပ် ဖြစ်ပုံရကြောင်း သတင်းရင်းမြစ်တဦးက ပြောသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/07/84119#အမေရိကန်
#ရုရှား
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews