"သံအမတ်ကြီးနဲ့ တွေ့ပြီး တင်းမာတဲ့ အသုံးအနှုန်းတွေ မပြောဖို့ တောင်းဆိုချင်တာပါ။ တကယ်လို့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြပြီး သူ့ကို အံ့သြသွားအောင် လုပ်ချင်တာပါ" ဟု သံသယရှိသူက ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။ ထို့ပြင် အခင်းဖြစ်ပွားရာနေရာ၌ ဓားတချောင်းကိုလည်း တွေ့ရှိခဲ့ပြီး ဂျပန် ကြည်းတပ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF) ကလည်း အဆိုပါသံသယရှိသူမှာ စစ်သည်တဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက တရုတ်အနေဖြင့် "အလွန်အမင်း တုန်လှုပ်ရကြောင်း" နှင့် "ဂျပန်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း" ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်သံရုံး
#ဂျပန်စစ်သား
#ကျူးကျော်ဝင်ရောက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment