Mizzima
အီရန်စစ်ပွဲ၏ ပထမ ခြောက်ရက်အတွင်းမှာပင် လက်နက်ခဲယမ်းဖိုး သီးသန့်တင် အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေး ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံထက်မနည်း ကုန်ကျခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ခန့်မှန်းချက်များကို ကိုးကား၍ ဥပဒေပြုအမတ်များက သုံးသပ်ဖော်ပြခဲ့ကြပြီး မပြီးသေးသောစစ်ပွဲအတွက် ကုန်ကျစရိတ်များမှာ ယခုထက် အဆမတန် မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
အဆိုပါ ပမာဏတွင် စစ်ဆင်ရေးအတွင်း ပါဝင်နေသည့် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းလည်ပတ်မှု၊ နည်းပညာထိန်းသိမ်းမှု စရိတ်များနှင့် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် စစ်ရေးပျက်စီးဆုံးရှုံးမှုတန်ဖိုးများ မပါသေးပေ။
စစ်ပွဲ၏ ပထမ နာရီ ၁၀၀ အတွင်း အမေရိကန်စစ်တပ်သည် တရက်လျှင် ခန့်မှန်းခြေ ဒေါ်လာ ၈၉၁ ဒသမ ၄ သန်းနှုန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ အသုံးပြုခဲ့ကြောင်း မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က ခန့်မှန်းထားသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အမေရိကန်
#အီရန်စစ်ပွဲ
#ကုန်ကျစရိတ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment