အီရန်အမျိုးသမီးကစားသမားတွေဟာ အိမ်ရှင် သြစတြေးလျအသင်းနဲ့ အာရှဖလားပွဲစဉ် မကစားမီ နိုင်ငံတော်သီချင်းကို သီဆိုရင်း အလေးပြုခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ အဖွင့်ပွဲတုန်းက နှုတ်ဆိတ်ငြိမ်သက်ခဲ့ကြတဲ့ အခြေအနေနဲ့ သိသိသာသာ ကွဲပြားသွားတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမတိုင်မီ အီရန်ကစားသမားတွေဟာ နိုင်ငံအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့ အခြေအနေတွေကြားမှာ ငြိမ်သက်စွာ ရပ်နေခဲ့ကြတာပါ။
အခုလို လုပ်ဆောင်ချက် ပြောင်းလဲသွားတာနဲ့ ပတ်သက်ပြီး တရားဝင် ရှင်းလင်းချက် တစုံတရာ မပေးထားပေမဲ့၊ ဗုဒ္ဓဟူးနေ့မှာတော့ တိုက်စစ်မှူး ဆာရာဒီဒါက သူတို့ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ ခွဲခွာနေရတဲ့အခြေအနေအပေါ် စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့ပါတယ်။ Read more:
https://bur.mizzima.com/2026/03/05/83984