မကောင်းဆိုးဝါးအစာကျွေးခံရပြီး ပုံပျက်ပန်းပျက်သေခဲ့ရတဲ့ မကျွတ်မလွတ်ရေတွင်းတစ္ဆေ 😳😳

အညွှန်းဖတ်ရန်
🔽⬇️
၁၉၈၅ ခုနှစ်က ချန်ဒါနာရွာဟာ သာယာလှပပြီးအေးချမ်းတဲ့ ကျေးလက်ရွာငယ်လေးတစ်ခုဖြစ်ပါတယ်။ တစ်ညမှာတော့ အသ-က် ၁၀ နှစ်အရွယ် ဆူရီရမ်ဆိုတဲ့မိန်းကလေးငယ်တစ်ယောက် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီးအေးချမ်းတဲ့ရွာလေးမှာဂြို-လ်ဆိုးဝင်ဖို့ဖြစ်ရပ်တွေစတင်လာပါတော့တယ်။
ဆူရီရမ်နောက်ဆုံးအတူရှိနေခဲ့တာ သူ့ကိုအမြဲထိန်းကျောင်းခဲ့တဲ့ မိုင်မွန်ဆိုတဲ့စကားမပြောတတ်သူမိန်းကလေးတစ်ယောက်ဖြစ်ပြီး မိုင်မွန်ရဲ့အမေကတော့ တစ်ရွာလုံးက စုန်းမကြီးအဖြစ်သတ်မှတ်ထားကြတဲ့သူပါ။
အဲ့ဒါကြောင့် ရှေးရိုးစွဲရွာသားတွေအနေနဲ့ မိုင်မွန်ဟာ ဆူရီရမ်ကိုသ-တ်ပြီး သူ့အမေမွေးထားတဲ့မကောင်းဆိုးဝါးတွေကိုအစာကျွေးခဲ့တယ်လို့ စွပ်စွဲကြပါတယ်။ မကြာခင်မှာပဲ ဆူရီရမ်ပျောက်ဆုံးသွားတဲ့ ရေတွင်းထဲက သူ့အလေ-ာင်းကိုရှာတွေ့ချိန်မှာတော့ မိုင်မွန့်အပေါ်စွပ်စွဲချက်တွေပိုပြီးခိုင်မာလာခဲ့ပါတော့တယ်။
အဲ့ဒါတွေနဲ့အတူ ဆူရီရမ့်ဝိဉာဉ်ကိုဟို တစ်စီ ဒီတစ်စီ တွေ့မြင်တဲ့လူတွေရှိလာပြီး တစ်ရွာလုံးကျီးလန့်စာစားနေရချိန်မှာ မြို့ပေါ်က ဒီအမှုကိုထောက်လှမ်းဖို့စိတ်ပိုင်းဖြတ်ထားတဲ့ အင်စပက်တာ ကာမီလာရောက်ရှိလာခဲ့ပါတယ်။
တစ်ဖြည်းဖြည်းနဲ့သူ့ရဲ့စုံစမ်းမှုတွေ ခရီးပေါက်လာလေလေ ဆူရီရမ်ရဲ့ဝိဉာဉ်က ပိုသောင်းကျန်းလာလေလေပါပဲ။စုံထောက်၊ဒရာမာ၊ဟော်ရာ ရသစုံပါဝင်တဲ့ မလေးဇာတ်ကားသစ်ဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/c/3470130015/2778

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+C9Cng6XeSRcwNjhl

Comments

Be the first to add a comment