သုတေသနပြုချက်များအရ အီရန်အစိုးရသည် စစ်ပွဲစတင်ကတည်းက ၎င်းတို့ကို ထောက်ခံကြောင်း ပြသသည့် လူထုဆန္ဒပြပွဲပေါင်း ၈၅၀ ကျော်ကို စီစဉ်ကျင်းပခဲ့ပြီး တဖက်တွင်လည်း မငြိမ်မသက်မှုများကို ဆက်တိုက်နှိမ်နင်းရာတွင် အနည်းဆုံး လူပေါင်း ၁,၄၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

"ထိပ်ပိုင်းခေါင်းဆောင်တွေကို ရှင်းထုတ်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗျူဟာဟာ အအောင်မြင်ဆုံးလို့ ပြောရလောက်အောင်ကို ထိရောက်နေပါတယ်။ ဒါပေမဲ့ အစိုးရယန္တရားကတော့ ပြိုကွဲမသွားသလို ဘက်ပြောင်းခိုလှုံသူတွေလည်း မရှိသေးပါဘူး။ အီရန်နိုင်ငံတွင်းမှာတော့ သူတို့ ဘယ်လိုအနိုင်ရနေတယ်ဆိုတဲ့ သတင်းစကားတွေကိုပဲ အဆက်မပြတ်နဲ့ တစိုက်မတ်မတ် ထုတ်လွှင့်နေပါတယ်" ဟု အမှီအခိုကင်းသော ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Acled ၏ ဥက္ကဋ္ဌ ကလီယိုနာ ရာလီက ပြောသည်။

“အလီခါမေနီ သေဆုံးတဲ့ ပထမဆုံးညမှာပဲ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု အနည်းငယ်ကို တွေ့ခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှာတော့ အီရန်အစိုးရထောက်ခံပွဲ ဒါမှမဟုတ် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်အောင် စနစ်တကျ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်” ဟု ရာလီက ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို…

Comments

Be the first to add a comment