Mizzima
ခါမေနီ၏သား အာဏာဆက်ခံနိုင်ခြေရှိချိန် အီရန်၏အနာဂတ်အပေါ် အိမ်ဖြူတော် စောင့်ကြည့်
The Jerusalem Post
အီရန်စစ်ဆင်ရေးများပြီးပါက နိုင်ငံအတွင်း အမေရိကန်ပါဝင်မည့် အခန်းကဏ္ဍနှင့်ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က အကြံပေးများနှင့် ဆွေးနွေးလျက်ရှိကြောင်းနှင့် သေဆုံးသွားပြီဖြစ်သော အီရန်ဦးသျှောင်၏ သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီသည် ဖခင်၏နေရာကို ဆက်ခံရန် အလားအလာအရှိဆုံးသူဟု သတင်းများထွက်ပေါ်နေသည့်အပေါ် အမေရိကန်ထောက်လှမ်းရေးက စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့ (မတ်လ ၄ ရက်) တွင် ပြောကြားခဲ့သည်။
"ကျွန်မတို့လည်း အဲဒီသတင်းတွေကို တွေ့ပါတယ်။ ဒါဟာ ကျွန်မတို့ ထောက်လှမ်းရေးအေဂျင်စီတွေ စောင့်ကြည့်နေတဲ့ အရာပါ။ တကယ်တမ်း ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ" ဟု ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်က သတင်းထောက်များကို ပြောသည်။
ခါမေနီ၏သား မိုဂျ်တာဘာသည် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် နှစ်ရှည်လများ နီးကပ်သောဆက်ဆံရေး တည်ဆောက်ခဲ့ပြီး ဘာသာရေးအသိုင်းအဝိုင်းအတွင်း ဩဇာလွှမ်းမိုးမှု ထူထောင်နိုင်ခဲ့သူဖြစ်ရာ ဖခင်နေရာကို ဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်လာခဲ့သည်။
စစ်ဆင်ရေးများ…
Comments
Be the first to add a comment