အာရှဒေသသည် ဟော်မုဇ်ရေလက်ကြားမှတဆင့် တင်ပို့သော လောင်စာဆီများကို အလွန်အမင်း မှီခိုနေရခြင်းကြောင့်လည်း အီရန်စစ်ပွဲက အာရှရှယ်ယာဈေးကွက်ကို အခြားနိုင်ငံများထက် ပိုမိုထိခိုက်စေခဲ့သည်။ ထို့ပြင် ရေနံရရှိမှုပြတ်တောက်ခြင်းသည် ကမ္ဘာ့စီးပွားရေးကို နှေးကွေးသွားစေနိုင်ပြီး အဓိက ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း စိုးရိမ်မှုများလည်း တိုးလာသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ပြီးခဲ့သည့်နှစ်အတွင်း အကျိုးအမြတ်များခဲ့သည့် AI ကဏ္ဍနှင့် တောင်ကိုရီးယား၊ ထိုင်ဝမ် ဈေးကွက်များမှ အမြတ်ငွေများကို ပြန်လည်ထုတ်ယူနေကြသည်။

"အရင်းအနှီးဆိုတာ သေချာရေရာတဲ့ အခြေအနေထိ စောင့်မနေပါဘူး။ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေက ပြောင်းလဲစီးဆင်းနေပြီဖြစ်သလို ဒီသီတင်းပတ်ထဲမှာ ဒေါ်လာဈေးတက်လာတာကလည်း ပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဘယ်ကို ခြေလှမ်းနေတယ်ဆိုတာ ဖော်ပြနေပါတယ်" ဟု Vantage Global Prime မှ အကြီးတန်း ဈေးကွက်လေ့လာဆန်းစစ်သူ ဟီဘီချန်းက ပြောသည်။ Read more: https://bur.mizzima.com/2026/03/06/84001

Comments

Be the first to add a comment