Mizzima
စစ်အုပ်စုကို အကျိုးအမြတ်ဖြစ်စေသည့် လုပ်ငန်းများကို ရပ်တန့်ရန် ဂျပန်ဘဏ္ဍာရေးကုမ္ပဏီများကို အရပ်ဘက်အဖွဲ့များ တိုက်တွန်း
001
မဇ္ဈိမ။ ။ မြန်မာစစ်အုပ်စုကို အကျိုးအမြတ်ဖြစ်စေမည့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ရပ်တန့်ရန် ဂျပန်ဘဏ္ဍာရေးကဏ္ဍ ကုမ္ပဏီများကို Justice for Myanmar (JFM)အပါအဝင် အရပ်ဘက်အဖွဲ့များက မတ်လ ၂၄ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
JFM ၊ Mekong Watch နှင့် Pacific Asia Resource Center (PARC) အပါအဝင် ဂျပန်အဖွဲ့အစည်း ငါးဖွဲ့တို့က တိုက်တွန်းထားခြင်းဖြစ်သည်။
ဂျပန်ဘဏ္ဍာရေးကဏ္ဍမှ ကုမ္ပဏီများဖြစ်သည့် Daiwa Institute of Research (DIR) နှင့် Japan Exchange Group (JPX) တို့သည် စစ်အုပ်စုအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသည့် ငွေကြေး လွှဲပြောင်းမှုများကို ပံ့ပိုးကူညီပေးနေသော၊ စစ်အုပ်စုထိန်းချုပ်ထားသည့် ဖက်စပ်စီးပွား ရေး လုပ်ငန်းများတွင် ဆက်လက်ပါဝင် ပတ်သက်နေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အဆိုပါ အဖွဲ့များက ပြောသည်။
ယင်းပံ့ပိုးကူညီမှုများတွင် ငွေတိုက်စာချုပ်များအတွက် အကျိုးဆောင်လုပ်ငန်း ဝန်ဆောင်မှုပေးခြင်းနှင့် စစ်တပ်ဆက်နွှယ်ကုမ္ပဏီများအား စတော့ရှယ်ယာဈေးကွက်တွင် စ…
Comments
Be the first to add a comment