Mizzima
ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲအပြီး နှစ်ပတ်နီးပါး ကြာသည်အထိ ထိုင်းတွင် ရှုပ်ထွေးမှုများ ဆက် လက် ဖြစ်ပေါ်နေသည်။ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် ဦးဆောင်သည့် အာဏာရ ဘုမ်ကျိုင်း ထိုင်း (BJT) ပါတီက အပြတ်အသတ်အနိုင်ရခဲ့သည်ဟု ဆိုသော်လည်း၊ နိုင်ငံ၏ ဒီမိုကရေစီ အဖွဲ့အစည်း များမှာ ဖိနှိပ်ခံထားရပြီး အလွန်အားနည်းနေဆဲဖြစ်သည်။
တဖက်တွင် ဝန်ကြီးချုပ် အနုတင်နှင့် ဘုမ်ကျိုင်းထိုင်း(BJT) ပါတီမှ ထိပ်သီးခေါင်းဆောင်များသည် အခြားပါတီများနှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့ရန် အလုပ်ရှုပ်နေကြသည်။
သို့သော် တဖက်တွင်မူ အရပ်ဘက်အဖွဲ့အစည်းများနှင့် အတိုက်အခံ ပြည်သူ့ပါတီတို့၏ ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက်များမှာ အရှိန်အဟုန်ပြင်းထန်လာပြီး၊ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပရေးတောင်းဆိုမှုများ ရှိလာနေသည်။
♦
သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ထိုင်း
#နိုင်ငံရေး
#အခြေအနေများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment