Fact Check : မြသိန်းတန်စေတီ ဗုံးကြဲခံရလို့ ပျက်စီးတယ်ဆိုတဲ့ သတင်းအမှား
Zee Tee
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းမြို့ မှာရှိတဲ့ မြသိန်းတန်စေတီတော်ကြီးကို စစ်ကော်မရှင်တပ်ကဗုံးကြဲလို့ ပျက်စီးတယ်ဆိုတဲ့ သတင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။
“မင်းကွန်း မြသိန်းတန်စေတီ ကတော့ မအလ လေယာဥ်ဗုံးဒါဏ်ကြောင့် မွမွကြေသွားပြီ . . . ။” ရေးသားထားပြီး ပြိုကျနေတဲ့ မြသိန်းတန် စေတီပုံနဲ့အတူ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ “ဇေရာလင်း” ဆိုတဲ့ ဖေ့ဘုတ်အကောင့် ကနေ စတင်ဖြန့်ဝေထားတာပါ။ ဒီပုံနဲ့ပဲ တခြားဖေ့ဘုတ်အကောင့်နဲ့ ပေ့ချ်တွေကနေလည်း ပြန်လည်ကူးယူဖော်ပြတာတွေ ရှိနေသလို တစ်တော့မှာလည်း ပျံ့နှံ့နေတာပါ။
မဇ္ဈိမက ဒီပုံနဲ့ပတ်သက်လို့အချက်အလက်စစ်ဆေးခဲ့ပါတယ်။
မင်းကွန်း မြသိန်းတန်စေတီတော်ကြီး ပြိုကျမှုနဲ့ပတ်သက်လို့ ရှာဖွေခဲ့ရာမှာ ထပ်တူညီတဲ့ပုံကိုတော့ ကိုစုမင်းကွန်းဆိုတဲ့အကောင့်ကနေ ဖေဖော်ဝါရီ ၂၂ရက် ဖြန့်ဝေမှုကို တွေ့ရပါတယ်။
သူ့ရဲ့ဖြန့်ဝေမှုမှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် မတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့် မြသိန်းတန်စေတီတော်ကြီး ပြိုကျပျက်ဆီးခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ လင့် -
https://shorturl.at/A40MJ…