ဝမ်းဗိုက်တွင် အလွန်အမင်းအဆီစုခြင်းနှင့် ကြွက်သားထုလျော့နည်းခြင်းဟူသည့် အခြေအနေနှစ်ရပ် တပြိုင်နက်တည်းဖြစ်ပေါ်ပါက သေဆုံးနိုင်မှုအန္တရာယ်ကို သိသိသာသာမြင့်တက်စေကြောင်း ဘရာဇီး နိုင်ငံ၊ ဆောကား လို့စ်ဖက်ဒရယ်တက္ကသိုလ် (UFSCar) နှင့် ဗြိတိန်ရှိ ယူနီဗာစတီကောလိပ်လန်ဒန် (UCL) တို့မှ သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ ဝမ်းဗိုက်အဆီစုခြင်းနှင့် ကြွက်သားထုလျော့ခြင်းဟူသည့် အခြေအနေ နှစ်ရပ်ရှိနေသူများသည် ယင်းလက္ခဏာများ မရှိသူများနှင့် နှိုင်းယှဉ်ပါက သေဆုံးနိုင်ခြေ ၈၃ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ခန္ဓာကိုယ်တွင်း
#အန္တရာယ်ရှိသည့်
#အခြေအနေ
#ပေါင်းစပ်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------

Comments

Be the first to add a comment