မြန်မာပြည်တွင်းစစ်မှာ ၂၀၂၆ ခုနှစ်တွင် ငါးနှစ်အတွင်းဝင်ရောက်လာခဲ့ပြီဖြစ်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အလွန်အမင်း လိုအပ်နေကြောင်း ဖိလစ်ပိုင်က အလေးထား ပြောကြားလိုက်သည်။
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အဆိုးရွားဆုံး ထိခိုက်ခံစားနေရပြီး၊ ပြင်းထန်လာသော တိုက်ပွဲများကြောင့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများမှာ ဆေးရုံဆေးခန်းများသို့ မသွားရောက်နိုင်တော့သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အဟန့်အတား ဖြစ်စေခဲ့သည်။
♦️ သတင်း အပြည့်အစုံ -
https://bur.mizzima.com/2026/03/07/84197#လူသားချင်းစာနာမှု
#ကုလလုံခြုံရေးကောင်စီ
#ဖိလစ်ပိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews