တရုတ်ပြည်မကြီး၏ ကျဆင်းနေသော အိမ်ခြံမြေစျေးနှုန်းများနှင့် တုံ့ဆိုင်းနေသော စီးပွားရေးတို့က ချေးငွေပြန်မဆပ်နိုင်မှုကို တိုးလာစေနိုင်ပြီး အိမ်များ အသိမ်းခံရမှုနှင့် အိမ်ခြံမြေဈေးနှုန်းထိုးကျမှုများ ထပ်မံဖြစ်နိုင်ကြောင်း UBS ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြောသည်။
၂၀၂၇ ခုနှစ်တွင် လုပ်ငန်းငယ်များထံမှ ဘဏ်ကသိမ်းယူမည့် အပေါင်တိုက်ခန်းအရေအတွက်သည် ၂ ဒသမ ၄ သန်းကျော်အထိ ရှိလာနိုင်သည်ဟု ဆွစ်ဇာလန်ဘဏ် UBS ၏ တရုတ်အိမ်ခြံမြေ သုတေသနဌာန အကြီးအကဲ ဂျွန်လမ်က အင်္ဂါနေ့တွင် ပြောသည်။ တရုတ်ပြည်မကြီးရှိ လုပ်ငန်းငယ်အများစုသည် ချေးငွေယူရန် အိမ်ခြံမြေများကို အာမခံပစ္စည်းအဖြစ် ထားကြသည်။
တရုတ်ပြည်မကြီး၏ အိမ်ခြံမြေစျေးနှုန်းများသည် နောက်ထပ် အနည်းဆုံး နှစ်နှစ်အထိ ဆက်လက်ကျဆင်းနေဖွယ်ရှိပြီး ၂၀၂၆ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၂၇ ခုနှစ်တွင် ငါးရာခိုင်နှုန်း ထပ်မံကျဆင်းလိမ့်မည်ဟု လမ်က ခန့်မှန်းထားသည်။
♦️ သတင်းအပြည့်အစုံ
https://bur.mizzima.com/2025/12/05/74849