Mizzima
အီရန်က မဟာဗျူဟာ အမှား ကျူးလွန်ဟု CIA ညွှန်ကြားရေးမှူးဟောင်း ပြော
Iran Intel
အီရန်က တိုက်ခိုက်မှုများကို အမေရိကန်နှင့် အစ္စရေး ပစ်မှတ်များအပြင် ပါရှန်းပင်လယ်ကွေ့နိုင်ငံများအထိ ချဲ့ထွင်ခြင်းဖြင့် မဟာဗျူဟာမြောက် အမှားတခုကို ကျူးလွန်မိပြီး စစ်ပွဲအတွင်း အခြား နိုင်ငံများကို ပို၍ ဆွဲသွင်းလိုက်ရာ ရောက်ကြောင်း CIA ညွှန်ကြားရေးမှူးဟောင်း ဒေးဗစ် ပီထရေးရက်စ်က တနင်္လာနေ့တွင် Iran International နှင့် အင်တာဗျူး၌ ပြောသည်။
"ဒါဟာ အီရန်ဘက်က ကြီးမားတဲ့ အတွက်အချက်မှားယွင်းမှုလို့ ကျွန်တော် ထင်တယ်" ဟု ပီထရေးရက်စ်က '24 with Fardad Farahzad' အစီအစဉ်တွင် ပြောသည်။ တိုက်ရိုက် ပါဝင်မပတ်သက်အောင် ရှောင်ရှားနေကြသည့် အာရပ်နိုင်ငံများကို တိုက်ခိုက်ခြင်းက ထို နိုင်ငံများကို ဒေသတွင်း ကာကွယ်ရေး လုပ်ငန်းစဉ်များ၌ ပိုမို တိုက်ရိုက် ပါဝင်လာအောင် တွန်းအားပေးသလို ဖြစ်စေကြောင်း ၎င်းက ဆိုသည်။
အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက အီရန်၏ လက်တုံ့ပြန်နိုင်စွမ်းကို "သိသိသာသာ ယုတ်လျော့စေခဲ့ပြီ" ဟု ပီထရေးရက်စ်က ပြောသော်လည်း ပြီးခဲ့သည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း တိုက်ခိုက်မှု အရှိန် လျော့သွားခြင်းမှာ ရေရှည်အပြောင်းအလဲတခု…
Comments
Be the first to add a comment