Mizzima
National Unity Government (NUG) ၏ PVTV Channel မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်ထုတ်လွှင့်မှုများ
#PVTV #MizzimaTV #MizzimaBurmeseNews#မဇ္ဈိမသတင်းဌာန-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follo...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FqbYZ7jszOJ0&h=AT2CFADcyAMTqzepMG0rRUSy4sISub_u-URUUNk_kG1u3WfxNdofinPZoGwQsJx0a1XJSf3kDWALveiiI-Z-4HoDRxxktqQqQJjYr-mqp1SKyvMqEEODpXpNwxY-J7Oa&s=1
1 comment
Saw say Phoo
Mar 4, 2025
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမျိုးသိန်း မှ ပြည်သူ့စစ်မှု့ထမ်း ဆောင်ရမည့် အမည်စာရင်များအား လိမ်လည်စာရင်းသွင်းထားခြင်းရှိကြောင်း၊ ပွဲစားများဖြစ်ကြသော ဦးသန်းလှိုင်(ဇရပ်ကွင်းကျေးရွာနေ)၊ဦးအောင်ခိုင်မိုး(ဇရပ်ကွင်းကျေးရွာနေ)၊တို့နှင့်ချိတ်ဆက်ကာ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းရှိ လူငယ်တချို့အား အလုပ်အကိုင်ရရှိမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် သိန်း (၅၀) ခန့် ရရှိမည်ဖြစ်ကြောင်း လိမ်လည်ပြောဆိုကာ၊ကျေးရွာအတွင်း မဲပေါက်ကြသော လူငယ်များ၏ နိုင်ငံသား စိစစ်ရေးကဒ်ဖြင့် လူချင်းအစားထိုးလဲလှယ်မှု့များရှိကြောင်း၊ပြည်သူ့စစ်မှု့ထမ်း အမှတ်စဥ် (၁) မှ မောင်အောင်မျိုးသူ( ဘ) ဦးစန်းနိုင်၊အမှတ်စဥ် (၂) မှ မောင်ထက်ဝေလင်း ဘ ဦးကျော်ဝေ၊မောင်သူရဲအောင်( ခ) တက်ပု (ဘ) ဦးလှမြိုင်၊အပတ်စဥ် (၄ ) မှ မောင်ဘိုဘို(ဘ) ........စသည့်၎င်းတို့ထမ်းဆောင်ရမည့် အမည်စာရင်းဖြင့် အခြားအမည်မသိ လူငယ်များအား လူချင်းအစားထိုး လဲလှယ်ဆောင်ရွတ်လျက်ရှိကြောင်း၊စစ်မှု့ထမ်းထောက်ပံ့ငွေအဖြစ် တစ်လလျှင် အိမ်ထောင်တစ်စု (၇၀၀၀၀)ကျပ်ဖြင့် အိမ်ထောင်စုပေါင်း (၈၀၀) ကျော်ခန့်မှ လစဥ်ပေးနေရကာ မဲပေါက်သည့် လူငယ်မိသားစုထံ မှ (၄၅ )သိန်းကျပ် ထပ်မံကောက်ခံလျက်ရှိကြောင်း၊အစားထိုး သွားရောက်ထမ်းဆောင်သူများထံ ထောက်ပံ့ငွေ အပြည့်အဝမရရှိကြောင်း၊ ၁၀ သိန်း ကျပ်သာပေးပြီးကျန်ငွေများအား ပွဲစားများမှ ခေါင်းပုံဖြတ်အလွဲသုံးစားလုပ်မှု့များဖြစ်ပေါ်လျက်ရှိကြောင်း၊ ရပ်ရွာအတွင်း ကောက်ခံနေသော အကြောင်းအရာများမှာ ပြည်သူ့စစ်မှု့ထမ်းထောက်ပံ့ငွေအဖြစ် တလ လျှင်( ၇၀၀၀၀)ကျပ်၊ရပ်ရွာကင်းကြေး တလ (၅၀၀၀) ကျပ်၊ နာရေးဖြစ်ပါက (၅၀၀၀၀) ကျပ်၊လင်မယား ရန်ဖြစ် ရပ်ကွက်ရုံးရောက်( ၃၀၀၀၀)၊မဲပေါက်သည့် လူငယ်လျှင် (၄၅) သိန်းကျပ်၊ အမျိုးမည်ပေါင်းများစွာဖြင့်ကောက်ခံနေကြောင်း၊အုပ်ချုပ်ရေးမှုး ဦးမျိုးသိန်း၏သားမှာ ကျောင်းဆရာ CDM တစ်ဦးဖြစ်ပြီး နေအိမ်တွင်မရှိ၊ယခုချိန်ထိအလုပ်မဝင်ကာ ၎င်း ၏သားကျောင်းဆရာ အစား ရပ်ရွာမှ ငွေကြေးဖြင့် ဆရာတစ်ဦးခေါ်ယူကာ သင်ကြားနေရကြောင်း၊ ယခုလိုပြည်သူအပေါ်နှင့် တိုင်းပြည်ပေါ် ခုတုံးလုပ် ကိုယ်ကျိုးရှာ နေသောအုပ်ချုပ်ချုပ်ရေးမှုးအား ထိရောက် စွာအရေးယူပေးပါရန် သတင်းပို့အပ်ပါသည်။